မြန်မာမှတ်စုများ
-
ခလေးအတွေး
ဦးသန့်ရေးတဲ့ မြန်မာလူမျိုး အများစုမှာ လူကကြီးလာပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ ရောဂါတမျိုးကြောင့် ခလေးလိုတွေး ခလေးလိုပြော ခလေးလို အမူအကျင့်တွေ ရှိကြတယ်ဆိုတာကို ထောက်ပြထားတဲ့ စာတပုဒ် အင်တာနက်ပေါ်မှာ ဖတ်ရပါတယ်။ ဒီလိုလူမျိုးတွေကို “a child in a man’s body” လို့ သိကြပါတယ်။
-
ဝဋ်
အမြင်မတူသူကို ရန်သူမှတ်ယူပြီး ပုဒ်မတွေတပ်၊ ဖမ်းမိန့်တွေထုတ်၊ အိမ်တွေကိုချိတ်ပိတ်၊ အချို့ကိုမီးတင်၊ အချို့ကို အရှင်လတ်လတ်သတ်ဖြတ်တဲ့ဝဋ်ကြွေးတွေ မြန်မြန်ဆတ်ဆန် ပြန်လည်နေကြပြီဖြစ်ပါတယ်။
-
ယဥ်ကျေးမှု အဆင့်မရှိရင် chimpanzee နဲ့ မထူးပါဖူး
Australia ကတော့ Advance Australia fair မှာပါတဲ့ အတိုင်း လူတိုင်း သာတူညီမျှ ပူးပေါင်းနေကြတာပါဘဲ။ အဲသည်လိုပူးပေါင်းနေကြတာမှာ အချင်းချင်း ဆက်ဆံတဲ့ အခါ၊– “ဒီကောင်က ငါ့ကို လာကြောနေလား” ဆိုတဲ့ ကိုယ့်ကိုယ်ကို အောက်ကျတဲ့ စိတ်မျိုး၊– “ဒီကောင်က ဘာကောင်မို့လို့လဲ လဲ” ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်မျိုး တွေဟာ အလွန်ရှက်စရာကောင်းတဲ့ တတိယကမ္ဘာရဲ့ ရိုင်းစိုင်းတဲ့ လူ့စိတ်မျိုးတွေပါဘဲ။ လူတယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ ethics (ကျင့်ဝတ်) အညီ humble (နှိမ့်ချ) ဆက်ဆံတဲ့ အလေ့အထနဲ့ လူအချင်းချင်း သာတူညီမျှ ပေါင်းနေကြတာပါ၊ အဲဒါက ယဥ်ကျေးမှု အဆင့်အတန်းပါ။ ဒီနိုင်ငံမှာတော့ ငွေ၊ ရာထူးနေရာ၊ ဘယ်လောက်ရှိရှိ ယဥ်ကျေးမှု အဆင့်မရှိရင်…
-
သတ္တိရှိသူ
တချိန်က မြန်မာပြည်မှာ “မင်းဟာ သတ္တိမရှိဖူး” လို့ ဆိုခဲ့ရင် “မကြောက်ဖူးကွ” ဆိုပြီး လူရိုက်ပြတတ်ကြတယ်။ အခုဆိုလဲ ပညာငမွဲ အောက်တန်းစားလူ တယောက်က “ဘာမဆိုလုပ်ရဲတယ်” ဆိုတဲ့ စကားကို ပြောပြီး လူမိုက်ဖြစ်ကြောင်း သက်သေပြနေတာကိုဘဲ သတ္တိရှိသလိုလို မှတ်ကြတာလဲ ရှိတယ်။ သတ္တိရှိတာနဲ့ မကြောက်တာနဲ့ ဘာမှ မဆိုင်ပါဖူး။ လူမိုက်ဆိုတာ လူရိုက်ရဲပေမဲ့၊ လူမိုက်က သတ္တိရှိတာတော့ မဟုတ်ပါဖူး။တကယ်တော့ လူဖြစ်ပြီး လူ့ယဥ်ကျေးမှု အသိဉာဏ် လိမ်မာပါးနပ်မှု မရှိတဲ့ သူကိုသာ လူမိုက် သတ်မှတ်တာပါ။ ပညာရှိ လူလိမ်မာများကတော့ ကြောက်တတ်ကြပါတယ်၊ သို့သော် သတ္တိရှိကြတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသလို – “သတ္တိရှိတယ်ဆိုတာ ကြောက်စိတ် ရှိလျက်နဲ့ကို မှန်ရာကို လုပ်ရဲတာပါပဲ”။
-
ကိုယ်ထူ ကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ကြောင်း ဧပြီ ၂၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင်းပင်က ပြောကြားခဲ့သည်။ -VOA Burmese အစ္စရေးက ဂါဇာကို ကောင်းကောင်း နှိပ်ကွပ်နေသည်။ ဆေးရုံလဲ ချသည်၊ လူနေရပ်ကွက်လဲ ချသည်။ ဂါဇာမှာ အစ္စရေးတို့ရဲ့ ဗုံးကြဲမှုကြောင့် အိုးအိမ်စွန့်ခွာပြေးနေရသူပေါင်း ၃၄၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောသည်။ အစ္စရေးဟာ အမေရိကန်ရဲ့ သြဇာခံ မိတ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် တရုတ် ဝင်မရှုတ်ပါဖူး။ မြန်မာမှာ စစ်ကောင်စီ အကြမ်းဖက်တပ်သည် ပြည်သူလူထုကို ကောင်းကောင်း နှိပ်စက် နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက မြန်မာမှာ ဒုက္ခသည် ၂ သန်းကျော်ရှိလာတယ်လို့ ၂၀၂၃…
-
မောင်မောင်လှမြင့်
ဒီရက်ပိုင်းအတွင်း လက်ရှိအခြေအနေ မှတ်စုတခု ရေးဖို့ ပြင်ဆင်နေတုန်းမှာဘဲ၊ မြန်မာပြည်က နိုင်ငံကျော် ပန်းချီဒီဇိုင်းပညာရှင် ဦးမောင်မောင်လှမြင့် ကွယ်လွန်အနိစ္စရောက်တယ် ကြားရတဲ့ အတွက် အလွန်စိတ်ထိခိုက်မိရပါတယ်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မှာ နေတဲ့ ဦးမောင်မောင်လှမြင့် ဟာ ဦးလေး တဝမ်းကွဲတော်ပြီး၊ မိတ်ဆွေလို ပေါင်းသင်းဆက်ဆံပါတယ်။ အန်ကယ်မောင် ဟာ ဆိုရှယ်လစ်ခေတ် ၁၉၇၀ နှောင်းပိုင်းကနေ ၁၉၈၀ နှောင်းပိုင်းတွေမှာ ရန်ကုန်မြို့လယ်ခေါင်က ကြော်ငြာပိုစတာ ဆိုင်းပုဒ်ကြီးတွေကို လမ်းသွားလမ်းလာ ရပ်ကြည့်ရအောင် ရေးဆွဲနိုင်ခဲ့တဲ့ ပန်းချီဒီဇိုင်းဆရာတယောက်ဖြစ်တဲ့ အတွက် သူ့ကို အထင်ကြီး လေးစားခဲ့ပါတယ်။ အန်ကယ်မောင်မှာ စိတ်စေတနာ ကောင်းမွန်ပြီး၊ သူတပါးအကျိုး အများအကျိုးကို လုပ်ဆောင်ပေးရတာ ဝါသနာပါတယ်လို့ သိခဲ့ပါတယ်။ “ငါက နာမယ် လေးလုံးနဲ့ကွ” လို့ နောက်ပြောင်ပြောတတ်သော အန်ကယ်မောင်နဲ့ မတွေ့တာ…
-
ကိုယ့်ပုံစံနဲ့ ကိုယ်
စံနစ်ဆိုတာက အားလုံး တသမတ်တည်းသွားတယ်၊ပုံစံကြတော့ တခုနဲ့ တခု မတူတာလဲ ရှိနိုင်တယ်၊အဲသည်လို နားလည်ပါတယ်။ စံနစ်နဲ့ အလုပ်မလုပ်ဘဲ ကိုယ့်ပုံစံနဲ့ ကိုယ် အလုပ်လုပ်တာမျိုး ထိုင်းမှာလဲ သတိထားမိပါတယ်။မြန်မာပြည်မှာလဲ ကွမ်းတယာညက်၊ ခဲတပစ်၊ ဝါးတရိုက်နဲ့ အခုလို – နို့ဆီဗူး တဗူး ဆိုတာမျိုးတွေကတော့ မဆန်းတော့ပါ။ တန်းဝင်သည် ဖြစ်စေ မဝင်သည် ဖြစ်စေ၊စံနစ်ကျသည် ဖြစ်စေ မကျသည် ဖြစ်စေ၊ကိုယ့်ပုံစံနဲ့ ကိုယ်ပေ့ါ။ ကိုယ့်အသိုင်း အဝိုင်းဘဲ၊ အပြင်ကို မထိုးဖောက်သ၍တော့လဲ၊ကိုယ့်ပုံစံနဲ့ ကိုယ်တွေကတော့ အစဥ်ပြေကြပါတယ်လေ။
-
မြန်မာပြည်က ဝင်တဲ့ ရယ်ဒီမိတ် အစားအသောက်များ
အထုတ်တွေ တပြုံကြီး ရွေးစရာ ရှိတယ် ဆိုတော့ တပြုံကြီးဘဲ ဝယ်လာပြီး စမ်းကြည့်တယ်။ ရှမ်းကော်ရည်အကြောင်းတော့ ရေးပြီးပြီ။ နောက် ရှမ်းခေါက်ဆွဲ အထုတ်တမျိုးကတော့ စက္ကူ ထုတ်နဲ့ ပါကင် ကျကျနန လုပ်ထားပေမဲ့ မထူးပါဖူး၊ ပထမလို မဲမဲတူးတူးဘဲ ထွက်လာတာပါဘဲ။ ပိုဆိုးတာက မုန့်ဖတ်က မုန့်တွန်ဇန်လို ဖြစ်နေတာ။ မုန့်ဖက်က ရှမ်းခေါက်ဆွဲ မဟုတ်ဘဲနဲ့ ရှမ်းခေါက်ဆွဲဆိုပြီး ထည့်ရောင်းလာကြတော့ ရှမ်းခေါက်ဆွဲ ဆိုတာကို ဒီမှာ အရင် မှတ်ပုံတင်ထားရမလို ဖြစ်နေပြီ။ ခုခေတ်မှာ ပက်ကင်တွေလဲ လွယ်လွယ်ကူကူ ကောင်းအောင်လုပ်နိုင်လာပြီ ဆိုတော့၊ ရှမ်းခေါက်ဆွဲထဲမှာ မုန်ညင်းချဥ်နဲ့ ဝက်ခေါက်၊ ဂျူးမြစ်တို့ကို ဘာလို့ ထည့်မပေးနိုင်တာလဲ မသိပါ။ ဒါကတော့ စဥ်းစားကြည့်မိတာပါ။ တကယ်တမ်း ရှမ်းခေါက်ဆွဲ ပုံစံလေး ပေါ်အောင်…
-
ဓါတ်မပေါက်ရင် တခုခုတော့ လွဲသွားပြီ
အဒေါ်တယောက် ပြောဖူးတဲ့ စကားတခွန်း သတိရတယ်၊ဒီစကားက ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ စကားတခွန်းဘဲ။ “မိန်းမ ယူမယ်ဆိုရင်၊ မယူခင် ကိုယ်ယူမဲ့ မိန်းမကို ရီစရာ တခုပြောကြည့်၊သူက မရီရဖူးဆိုရင် အဲဒီမိန်းမကို မယူနဲ့ (ပေါင်းသင်းနေလို့ အဆင်ပြေမှာ မဟုတ်ဖူး)” တကယ်တော့ ဒါဟာ အိုင်ကျူ အဆင့်အတန်းကို လွယ်လွယ်လေး စစ်ဆေးကြည့်တာဘဲ။ သူက အိုင်ကျူ အဆင့်နိမ့်တယ်၊ ကိုယ်က မြင့်တယ် ဆိုတာမျိုးမဟုတ်ပါဖူး။တယောက်နဲ့ တယောက် အိုင်ကျူ အဆင့် မတူတာတော့ တွေ့ရတာပေါ့။ ခလေးနဲ့ လူကြီး စကားပြောသလိုပေါ့၊(ကိုယ်က ခလေးလား၊ လူကြီးလား ဆိုတာတော့ မသိဖူးလေ)။ ကိုယ်ပြောချင်တာကို တဖက်က ဓါတ်မပေါက်ရင်၊ တခုခု လွဲနေပြီဘဲ မှတ်ရတော့မယ်။
-
ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်
မြန်မာပြည်နဲ့ ပတ်သက်လို့က သိပ်ပြီး အမှတ်တရ မှတ်မိတာ များများစားစား မရှိပေမဲ့၊ရန်ကုန်မြို့ အင်းယားလမ်းက ခေမရာဋ် ရှမ်းစားသောက်ဆိုင်ကိုတော့ မှတ်မိ အမှတ်ရတယ်။ဒါ ပထမဆုံး သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင် ထိုင်ဖူးတဲ့ ဆိုင်ဘဲ။ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ ပျားသံပုရာ နဲ့ မုန်ညှင်းချဥ်ကို ကောင်းကောင်း ကြိုက်ခဲ့တယ်။ အဲဆိုင်က တကယ်တမ်းတော့ ရှမ်းစားသောက်ဆိုင်ဘဲ၊အဲတုန်းက (၁၉၈၂) လ္ဘက်ရည်လဲ ရောင်းတယ်။ဒါပေမဲ့ ရှမ်းကော်ရည်တော့ မကြားမိဖူး။ ရှမ်းကော်ရည်ဆိုတာ တောင်ကြီးမှာတော့ တခါစားဖူးတယ် ထင်တယ်။အရမ်း စေးကပ် ချွဲပြစ်လို့ မကြိုက်ခဲ့သလိုဘဲ။ ခုကြတော့ မြန်မာဆိုင်မှာ ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်ရှိတယ် ဆိုတော့ စမ်းကြည့်တယ်။ ခေါက်ဆွဲထုတ်မှာ ပါတဲ့ အညွန်းအတိုင်း နယ်ဖတ်ပြီးတဲ့ အခါ အခုလို မဲမဲတူးတူး ခေါက်ဆွဲကြီးဖြစ်ပြီး စားချင်စိတ်တောင် ကုန်သွားတယ်။…
-
ခရီးသွားမှတ်တမ်း – Narooma
Narooma ကို သွားချင်ရတဲ့ အကြောင်းရင်းက –Google Map မှာ ကြည့်ရင် သူ့ရှေ့မှာ ကုန်းမြေမခံဘဲ သမုဒ္ဒရာက တိုက်ရိုက်ဝင်လာတဲ့ လေကို ရူဖို့၊ သမုဒ္ဒရာနဲ့ တည့်တည့် တကမ္ဘာလုံး ရှေ့မှာ ကုန်းမြေမခံဘဲ တိုက်ရိုက် လေသန့်ဝင်ပေါက်၊ ကမ္ဘာ့ အကောင်းဆုံး အဲယားကွန်ဒင်းရှင်း လို့ ဒေသခံတွေက ပြောကြတယ်။ Narooma ဂေါက်ကွင်းက ပင်လယ်ကမ်းခြေကို ပတ်ပြီး လုပ်ထားတော့ အတော်လှတယ်။ အပြန်မှာ Mollymook Golf Club ကို ဝင်ခဲ့လိုက်သေးတယ်။ Mollymook ဂေါက်ကွင်း ဘေးဖက်က ကမ်းစပ်မှာ ထိုင်၊ Mollymook အထွက် Ulladulla မှာ ငါးဝင်ဝယ်၊ အိမ်အပြန် Kiama Blowhole ဖက်ကို ဝင်ကြည့်၊ တရုတ်ဘုံကျောင်းမှာ…
-
အိမ်လုပ် Garlic bread
Garlic bread ကို အိမ်မှာ ကိုယ်တိုင် စိတ်တိုင်းကျ အရသာ အနေအထား ဖြစ်အောင် လတ်လတ်ဆတ်ဆတ် လုပ်စားရတာ လွယ်ပါတယ်။ ပေါင်မုန့်တွေကို မထူမပါး လှီးပြီး မုန့်ဖုတ်တဲ့ ဗန်းပေါ် ဖြန့်ခင်းလိုက်တာဘဲ။ ပြီးတော့ ကြက်သွန်ဖြူ အနှစ်နဲ့ ထောပတ်နယ်ထားတာသုတ် – တရုတ် နံနံပင်ဖြူး ချီး(စ်)က အပေါ်ကဖြူး မီးဖုတ်လိုက်ပေါ့၊ တဖက်တော့ လှန်ပေးအုံး၊ ဝက်ခြေထောက် စွပ်ပြုတ်နဲ့ ဆိုရင် လိုက်မှ လိုက်၊ ခုလို ကြွတ်ကြွတ်ရွရွလေး နဲ့ စားလို့ကောင်း။