“ဂုဏ် ဂုဏ် ဂုဏ်… ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်”
ဆိုတဲ့ တိုင်းပြည်မှာ မွေးဖွားကြီးပြင်းလာရတဲ့အခါ-
ငွေရှိမှ ဂုဏ်ရှိတယ်ဆိုတဲ့ အသိအမြင်ရှိနေခဲ့တာ မမှားဖူး ထင်ခဲ့ပါတယ်။
ပညာတတ်တွေ အုပ်စိုးပြီး၊
ပညာတတ်တွေ ပေါများတဲ့ နိုင်ငံကို ရောက်တဲ့ အခါမှ-
ဂုဏ်ဆိုတာ ငွေကို ခေါ်တာ မဟုတ်မှန်း နားလည်တော့တယ်။
တကယ်တော့ ဂုဏ်ဆိုတာ လူ့တန်ဖိုးကို ခေါ်မှန်း –
ဂုဏ်အတုတွေနဲ့ ဂုဏ်ပြိုင်နေခဲ့ရတဲ့ လူ့အသိုင်းအဝိုင်းကနေ ဂုဏ်အစစ်နဲ့ ဂုဏ်ရှိရှိ နေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်းကို ရောက်လာတော့မှဘဲ သဘောပေါက်တော့တယ်။
တချိန်ကတော့ –
ကျွဲ၊ နွား၊ မြင်း တိရိစ္ဆာန်တွေရဲ့ တန်ဖိုးကို ငွေနဲ့တိုင်းတာသလို
ကိုယ့်တန်ဖိုးကိုလဲ ငွေနဲ့ဘဲ တိုင်းတာကြည့်ကြတဲ့ အသိုင်းအဝိုင်းမှာပေါ့။
အခုတော့ –
ကိုယ့်တန်ဖိုးကို ဂုဏ်နဲ့ယှဥ်ပြီး တိုင်းတာ ကြည့်ကြတဲ့ အသိုင်းအဝိုင်းရောက်တဲ့ အခါမှ-
“ငါ… လူဖြစ်လာတော့တယ်“။
Leave a Reply