Online မှာ ကိုယ်ပိုင် web page တခုလုပ်နေတာဟာ ၂၀၀၄ ခုနှစ်လောက်က ဆိုတော့၊ အခု စာရေးချိန်မှာ ဆို အနှစ် ၂၀ တိတိ ရှိသွားပါပြီ။
ဟိုလိုလုပ်လိုက်၊ ဒီလို ပြင်လိုက်၊ info ဖြစ်လိုက်၊ blog ဖြစ်လိုက်။
Domain လိပ်စာလဲ ဟိုဟာ ဖြစ်လိုက်၊ ဒီဟာ ဖြစ်လိုက်နဲ့ပါဘဲ။
ပြဿနာကို အခုမှ ရှာတွေ့တယ်။
စင်ပေါ်မှာ လက်ခုပ်တီးရာ လိုက်ကနေတဲ့ မျောက်လို ဖြစ်နေတာက ပြဿနာ။
Online ဆိုတော့ လူတွေ ရှာကြ ဝင်ကြရင်း သတိပြုမိရော၊
အချို့က လက်ခုတ်တီး၊ အချို့က ဆဲနဲ့၊ ကိုယ့်ကိုယ်ကို စင်ပေါ်ရောက်နေတာဘဲ အသိနဲ့၊
လက်ခုတ်သံ အတိုင်း လိုက်ကပြီး၊ မောသွားရော။
အဲတော့ နောက် web page တခုလုပ်ပြန်ရော….။
တကယ်တမ်း ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်ပျောက်နေတယ်။
ကိုယ်ပိုင် Web Page တခုလုပ်ထားတယ် ဆိုတာ-
ရုတ်တရက် ပေါ်လာတဲ့ အတွေးအခေါ်၊ ခွဲခြမ်း စမ်းစစ်လေ့လာ မိတဲ့ အချက်အလက်တွေကို၊ ကိုယ်တိုင် မှတ်တမ်းပြုစုထားပြီး၊ အတွေ့အကြုံနဲ့ ထင်မြင်ယူဆချက်တွေကို ဝေဌပေးဖို့သာ အဓိက ဖြစ်ပါတယ်။