ဓါတ်မပေါက်ရင် မမိုက်တော့ဖူး

Facebook Cartoon
Image source: Facebook screenshot

အဒေါ်တယောက် ပြောဖူးတဲ့ စကားတခွန်း သတိရတယ်၊
ဒီစကားက ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ စကားတခွန်းဘဲ။

“မိန်းမ ယူမယ်ဆိုရင်၊ မယူခင် ကိုယ်ယူမဲ့ မိန်းမကို ရီစရာ တခုပြောကြည့်၊
သူက မရီရဖူးဆိုရင် အဲဒီမိန်းမကို မယူနဲ့ (ပေါင်းသင်းနေလို့ အဆင်ပြေမှာ မဟုတ်ဖူး)”

တကယ်တော့ ဒါဟာ အိုင်ကျူ အဆင့်အတန်းကို လွယ်လွယ်လေး စစ်ဆေးကြည့်တာဘဲ။

သူက အိုင်ကျူ အဆင့်နိမ့်တယ်၊ ကိုယ်က မြင့်တယ် ဆိုတာမျိုးမဟုတ်ပါဖူး။
တယောက်နဲ့ တယောက် အိုင်ကျူ အဆင့် မတူတာတော့ တွေ့ရတာပေါ့။

ခလေးနဲ့ လူကြီး စကားပြောသလိုပေါ့၊
(ကိုယ်က ခလေးလား၊ လူကြီးလား ဆိုတာတော့ မသိဖူးလေ)။

စာရေးတယ် စာဖတ်တယ် ဆိုတာလဲ ဒီလိုပါဘဲ။

ခုခေတ်တော့ စာရေးတာက လွယ်လွယ်လေးဘဲလေ။
ခလေးလဲ ရေးတတ်တယ်၊ လူကြီးလဲ ရေးလို့ရတယ် ဆိုတော့…

ဓါတ်မပေါက်ရင် တခုခုတော့ လွဲနေပြီဘဲ၊ မမိုက်‌တော့ပါဖူး။

Click on a star to rate this post.

Average rating 5 / 5. Vote count: 1

No votes so far! Be the first to rate this post.

Share this:

Leave a comment

Your email address will not be published. Non-standard characters in the comment form are not permitted and will be removed. Required fields are marked *