မြန်မာအစားအသောက်များ

မြန်မာ ရယ်ဒီမိတ် အစားအသောက်များ

အထုတ်တွေ တပြုံကြီး ရွေးစရာ ရှိတယ် ဆိုတော့ တပြုံကြီးဘဲ ဝယ်လာပြီး စမ်းကြည့်တယ်။

ရှမ်းကော်ရည်အကြောင်းတော့ ရေးပြီးပြီ။ နောက် ရှမ်းခေါက်ဆွဲ အထုတ်တမျိုးကတော့ စက္ကူ ထုတ်နဲ့ ပါကင် ကျကျနန လုပ်ထား‌ပေမဲ့ မထူးပါဖူး၊ ပထမလို မဲမဲတူးတူးဘဲ ထွက်လာတာပါဘဲ။ ပိုဆိုးတာက မုန့်ဖတ်က မုန့်တွန်ဇန်လို ဖြစ်နေတာ။

မုန့်ဖက်က ရှမ်းခေါက်ဆွဲ မဟုတ်ဘဲနဲ့ ရှမ်းခေါက်ဆွဲဆိုပြီး ထည့်ရောင်းလာကြတော့ ရှမ်းခေါက်ဆွဲ ဆိုတာကို ဒီမှာ အရင် မှတ်ပုံတင်ထားရမလို ဖြစ်နေပြီ။

ခုခေတ်မှာ ပက်ကင်တွေလဲ လွယ်လွယ်ကူကူ ကောင်းအောင်လုပ်နိုင်လာပြီ ဆိုတော့၊ ရှမ်းခေါက်ဆွဲထဲမှာ မုန်ညင်းချဥ်နဲ့ ဝက်ခေါက်၊ ဂျူးမြစ်တို့ကို ဘာလို့ ထည့်မပေးနိုင်တာလဲ မသိပါ။

ဒါကတော့ စဥ်းစားကြည့်မိတာပါ။ တကယ်တမ်း ရှမ်းခေါက်ဆွဲ ပုံစံလေး ပေါ်အောင် လုပ်ပေးနိုင်ပါစေလို့ဘဲ ပထမ စောင့်မျှော်ရအုံးမှာပါ။

မုန့်ဟင်းခါးထုတ်ကတော့ မဆိုးပါဖူး ပြောရမှာပါ။
ဒီလိုဘဲ – ဘာလို့များ မုန့်ဖတ်ခြောက်တို့၊ ဌက်ပျောအူတို့ မထည့်ပေးနိုင်ရသလဲ မသိပါ။

ပထမတော့ တွက်လိုက်မိတာက – ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် လွယ်လွယ်ကူကူ လုပ်စားသလို လုပ်စားလို့ ရရင်ဖြင့် မဆိုးဖူးပေါ့။ မြန်မာပြည်က အစာတွေဆိုတော့ ငယ်တုန်းက စားခဲ့ဖူးတာမျိုး ဆိုပြီး ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် ထက်ပို စျေးကြီးပေးရလဲ တန်သေးတယ်ပေါ့။

ဒီတချက်တော့ မှားသွားတယ်၊ အခုတော့ ယိုးဒယား ခေါက်ဆွဲခြောက်ထုတ်နဲ့ ကိုရီးယား ခေါက်ဆွဲခြောက်ထုတ်တွေဘဲ ပြန်စုထားအုံးမယ်။

Share this:

Comments

Share Your Thoughts

Your email address will not be published. Required fields are marked *