ရှမ်းကော်ရည်

ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်

မြန်မာပြည်နဲ့ ပတ်သက်လို့က သိပ်ပြီး အမှတ်တရ မှတ်မိတာ များများစားစား မရှိပေမဲ့၊
ရန်ကုန်မြို့ အင်းယားလမ်းက ခေမရာဋ် ရှမ်းစားသောက်ဆိုင်ကိုတော့ မှတ်မိ အမှတ်ရတယ်။
ဒါ ပထမဆုံး သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင် ထိုင်ဖူးတဲ့ ဆိုင်ဘဲ။
ရှမ်းခေါက်ဆွဲ၊ တိုဟူး‌နွေး၊ ပျားသံပုရာ နဲ့ မုန်ညှင်းချဥ်ကို ကောင်းကောင်း ကြိုက်ခဲ့တယ်။

အဲဆိုင်က တကယ်တမ်းတော့ ရှမ်းစားသောက်ဆိုင်ဘဲ၊
အဲတုန်းက (၁၉၈၂) လ္ဘက်ရည်လဲ ရောင်းတယ်။
ဒါပေမဲ့ ရှမ်းကော်ရည်တော့ မကြားမိဖူး။

ရှမ်းကော်ရည်ဆိုတာ တောင်ကြီးမှာတော့ တခါစားဖူးတယ် ထင်တယ်။
အရမ်း စေးကပ် ချွဲပြစ်လို့ မကြိုက်ခဲ့သလိုဘဲ။

ခုကြတော့ မြန်မာဆိုင်မှာ ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်ရှိတယ် ဆိုတော့ စမ်းကြည့်တယ်။

ရှမ်းကော်ရည်
ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်

ခေါက်ဆွဲထုတ်မှာ ပါတဲ့ အညွန်းအတိုင်း နယ်ဖတ်ပြီးတဲ့ အခါ အခုလို မဲမဲတူးတူး ခေါက်ဆွဲကြီးဖြစ်ပြီး စားချင်စိတ်တောင် ကုန်သွားတယ်။

ရှမ်းကော်ရည်
ရှမ်းကော်ရည် နယ်ပြီးပုံ

အရသာကတော့ စားခဲ့ဖူးတဲ့ ရှမ်းခေါက်ဆွဲနဲ့ တူသယောင်ယောင်၊ အရောင်အဆင်းကတော့ တခါမှ မမြင်ဖူးတဲ့ ခေါက်ဆွဲပုံစံမျိုး။

ကိုယ်ဘဲ မသိလို့ ဖြစ်ချင်ဖြစ်မယ်၊ သို့သော် စားရတဲ့ ရယ်ဒီမိတ် အထုတ်ကတော့ သနားစရာပါဘဲ။

Share this:

Comments

Share Your Thoughts

Your email address will not be published. Required fields are marked *