တချိန်က မြန်မာပြည်မှာ “မင်းဟာ သတ္တိမရှိဖူး” လို့ ဆိုခဲ့ရင် “မကြောက်ဖူးကွ” ဆိုပြီး လူရိုက်ပြတတ်ကြတယ်။

အခုဆိုလဲ ပညာငမွဲ အောက်တန်းစားလူ တယောက်က “ဘာမဆိုလုပ်ရဲတယ်” ဆိုတဲ့ စကားကို ပြောပြီး လူမိုက်ဖြစ်ကြောင်း သက်သေပြနေတာကိုဘဲ သတ္တိရှိသလိုလို မှတ်ကြတာလဲ ရှိတယ်။

သတ္တိရှိတာနဲ့ မကြောက်တာနဲ့ ဘာမှ မဆိုင်ပါဖူး။

လူမိုက်ဆိုတာ လူရိုက်ရဲပေမဲ့၊ လူမိုက်က သတ္တိရှိတာတော့ မဟုတ်ပါဖူး။
တကယ်တော့ လူဖြစ်ပြီး လူ့ယဥ်ကျေးမှု အသိဉာဏ် လိမ်မာပါးနပ်မှု မရှိတဲ့ သူကိုသာ လူမိုက် သတ်မှတ်တာပါ။

ပညာရှိ လူလိမ်မာများကတော့ ကြောက်တတ်ကြပါတယ်၊ သို့သော် သတ္တိရှိကြတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသလို – “သတ္တိရှိတယ်ဆိုတာ ကြောက်စိတ် ရှိလျက်နဲ့ကို မှန်ရာကို လုပ်ရဲတာပါပဲ“။

Share this:

Comments

Share Your Thoughts

Your email address will not be published. Required fields are marked *