၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့ လူငယ်များ ပြောလေ့ သုံးလေ့ ရှိကြသည့် ဘန်းစကားများ၊ အောက်မှာပြထားတဲ့ အက္ခရာကို နှိပ်ပြီး၊ သက်ဆိုင်ရာ အက္ခရာနဲ့ စတဲ့ စကားလုံးများကို ကြည့်ပါ။

There are currently 5 names in this directory beginning with the letter ပ.
ပုံး
(အသံထွက် – ဘုံး)၊ သိန်း (ငွေတန်ဖိုး)။ ဥပမာ – ‌တပုံး ပေးပါ (တသိန်း ပေးပါ)။
ပုလင်း
သောင်း (ငွေတန်ဖိုး)။ တပုလင်း (တစ်သောင်း)။
ပေသီး
ကုတ်စီး ကပ်စီးသူ၊ ကပ်စေးနဲသူ၊ လက်မဖွာသူ၊ စိစစ်တွက်ချက်သူ။
ပေသီးခေါက်
စိစစ်ခြင်း၊ လက်ပေါက်ကပ်ခြင်း၊ အသေးစိတ် တွက်ချက်ခြင်း၊ အသာစီး အကျိုးအမြတ်အတွက် တွက်ချက်ခြင်း။ (ဒီလူ တပြားက နှစ်ပြားခွာပြီး ပေသီးခေါက်နေတယ်)
ပဲ့
စုတ်ပြတ်သည်၊ စုတ်ပဲ့သည်၊ အစုတ်အပြတ်။