၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့နေ လူငယ်များ ပြောဆိုလေ့ ရှိကြသည့် ဘန်းစကားများကို စုစည်းထားပါသည်။ အောက်မှာပြထားတဲ့ အက္ခရာ စာလုံးကို နှိပ်ပြီး၊ သက်ဆိုင်ရာ စကားလုံးများကို ရှာကြည့်နိုင်ပါသည်။
(စာရင်းမှာမပါသော စကားလုံးများ ဖြည့်စေလိုလျှင် ဖြစ်စေ၊ ပြင်ဆင်လိုလျှင် ဖြစ်စေ၊ မှတ်ချက်ရေးခဲ့ပေးပါ)
ကေဆံပင်၊ (ကေသာ ကို အတိုခေါ်ခြင်းလဲဖြစ်သည်)။
ကျောမခန့်လေးစား၊ မထီမဲ့မြင်၊ မလေးမစား၊ မရိုမသေ၊ ရင်ပေါင်တန်း၊ ပြိုင်ဆိုင်၊ အနိုင်ကျင့်၊ အသာစီးယူ။ ဥပမာ – ငါ့ကို ကျောတာလားကွ? (ငါ့ကို အနိုင်ကျင့်တာလားကွ?)။
ကျောက်ခဲ-ရေပေါ် ဆုံးရှုံးသွားသည်များ ပြန်ရခြင်း၊ မရနိုင်တော့သည့် ငွေ ဥစ္စာ ပြန်ရခြင်း။
ကွိုင်ပြဿနာ၊ ရှုတ်ပွေ၊ အဆင်မပြေ ရှုတ်ထွေး။
Leave a Reply