၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့နေ လူငယ်များ ပြောဆိုလေ့ ရှိကြသည့် ဘန်းစကားများမှ စတင်ပြီး စုစည်းထားပါသည်။ စာရင်းမှာမပါသော စကားလုံးများ ဖြည့်စေလိုလျှင် ဖြစ်စေ၊ ပြင်ဆင်လိုလျှင် ဖြစ်စေ၊ မှတ်ချက်ရေးခဲ့ပေးပါ။


ဂန့်
ပျောက်ပျက်၊ ပြီးဆုံး၊ သေဆုံး၊ ကွယ်လွန်။
ဂိန်
ဒုက္ခအကြီးအကျယ်ရောက်၊ မွဲပြာကျ၊ အလုပ်ပြုတ်၊ စာမေးပွဲကျ၊ ဆုံးရှုံး။
ဂေါက်
ဦးနှောက် ကျပ်မပြည့်သူ၊ ရူးသူ၊ ရူးနှမ်းနှမ်း ဖြစ်သူ၊ အူကြောင်ကြား။ (ဒီလူ ဂေါက်နေတယ်)။
ဂေါက်ကြောင်
ယဥ်ယဥ်လေး ရူးနေသူ။

Share Your Thoughts

Your email address will not be published. Required fields are marked *