၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့နေ လူငယ်များ ပြောဆိုလေ့ ရှိကြသည့် ဘန်းစကားများမှ စတင်ပြီး စုစည်းထားပါသည်။ စာရင်းမှာမပါသော စကားလုံးများ ဖြည့်စေလိုလျှင် ဖြစ်စေ၊ ပြင်ဆင်လိုလျှင် ဖြစ်စေ၊ မှတ်ချက်ရေးခဲ့ပေးပါ။


ပုံး
(အသံထွက် – ဘုံး)၊ သိန်း (ငွေတန်ဖိုး)။ ဥပမာ – ‌တပုံး ပေးပါ (တသိန်း ပေးပါ)။
ပုလင်း
သောင်း (ငွေတန်ဖိုး)။ တပုလင်း (တစ်သောင်း)။
ပေသီး
ကုတ်စီး ကပ်စီးသူ၊ ကပ်စေးနဲသူ၊ လက်မဖွာသူ၊ စိစစ်တွက်ချက်သူ။
ပေသီးခေါက်
စိစစ်ခြင်း၊ လက်ပေါက်ကပ်ခြင်း၊ အသေးစိတ် တွက်ချက်ခြင်း၊ အသာစီး အကျိုးအမြတ်အတွက် တွက်ချက်ခြင်း။ (ဒီလူ တပြားက နှစ်ပြားခွာပြီး ပေသီးခေါက်နေတယ်)
ပေါက်
သဘောပေါက် (ဓါတ် ကိုလည်းကြည့်)။ ရူးသည် ကြောင်သည် (ဥပမာ – ဒီလူပေါက်သွားပြီ)။
ပဲ့
စုတ်ပြတ်သည်၊ စုတ်ပဲ့သည်၊ အစုတ်အပြတ်။

Share Your Thoughts

Your email address will not be published. Required fields are marked *