၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့နေ လူငယ်များ ပြောဆိုလေ့ ရှိကြသည့် ဘန်းစကားများမှ စတင်ပြီး စုစည်းထားပါသည်။ စာရင်းမှာမပါသော စကားလုံးများ ဖြည့်စေလိုလျှင် ဖြစ်စေ၊ ပြင်ဆင်လိုလျှင် ဖြစ်စေ၊ မှတ်ချက်ရေးခဲ့ပေးပါ။


ဘိုးတော်
အဖေ၊ အထက်အရာရှိ၊ လူကြီး။ (မန္တလေးသားများ အခေါ်အဝေါ်ဖြစ်သည်၊ ရန်ကုန်သား အချို့လဲ လိုက်ခေါ် ကြသည်။)
ဘူ
ဘူသည် (စိတ်လေသည်၊ စိတ်ကုန်သည်)။ အရက်နာကျသည်၊ ကြောင်တောင်တောင် ဖြစ်သည်။
ဘောစိ
အလုပ်ရှင်၊ ဆရာ၊ အထက်လူကြီး။ (အင်္ဂလိပ်လို Boss ကို မြန်မာအသံထွက်ဖြင့် သုံးသည်)။
ဘဲ
ယောကျ်ား၊ အမျိုးသား၊ ချစ်သူရည်းစား ယောကျ်ား။
ဘဲကြီး
အကိုကြီး၊ ဆရာကြီး။
ဘွားတော်
အမေ၊ အထက်အရာရှိ၊ လူကြီးမိန်းမ။ (မန္တလေးသားများ အခေါ်အဝေါ်ဖြစ်သည်၊ ရန်ကုန်သား အချို့လဲ လိုက်ခေါ် ကြသည်။)

Share Your Thoughts

Your email address will not be published. Required fields are marked *