၁၉၈၄ – ၈၈ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရန်ကုန်မြို့နေ လူငယ်များ ပြောဆိုလေ့ ရှိကြသည့် ဘန်းစကားများမှ စတင်ပြီး စုစည်းထားပါသည်။ စာရင်းမှာမပါသော စကားလုံးများ ဖြည့်စေလိုလျှင် ဖြစ်စေ၊ ပြင်ဆင်လိုလျှင် ဖြစ်စေ၊ မှတ်ချက်ရေးခဲ့ပေးပါ။


အဖိုးကြီး
အဖေ၊ အရာရှိ အထက်လူကြီး။
အဖွားကြီး
အမေ၊ အထက်လူကြီးမိန်းမ။
အာ၊ အာလူး
လိမ်ညာစကား၊ အပိုပေါက်ပန်းစကား၊ ဟန်ဆောင်စကား၊ မဟုတ်မမှန်။
အောက်
အောက်တန်းကျ၊ အဆင့်အတန်း နှိမ့်၊ လူရာမဝင်၊ လူဝင်မဆန့်၊ ခေတ်မမှီ၊ ညံ့ဖျင်း။
အွတ် (ပ်)
ဂွကျကျ၊ ထုံထိုင်းထိုင်း၊ မဝတ်တတ် မစားတတ်၊ မနေတတ် မထိုင်တတ်၊ ကို့ယိုးကားယား၊ ပုံမကျ ပန်းမကျ။

Share Your Thoughts

Your email address will not be published. Required fields are marked *