Facebook Cartoon

ဓါတ်မပေါက်ရင် တခုခုတော့ လွဲသွားပြီ

အဒေါ်တယောက် ပြောဖူးတဲ့ စကားတခွန်း သတိရတယ်၊
ဒီစကားက ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ စကားတခွန်းဘဲ။

“မိန်းမ ယူမယ်ဆိုရင်၊ မယူခင် ကိုယ်ယူမဲ့ မိန်းမကို ရီစရာ တခုပြောကြည့်၊
သူက မရီရဖူးဆိုရင် အဲဒီမိန်းမကို မယူနဲ့ (ပေါင်းသင်းနေလို့ အဆင်ပြေမှာ မဟုတ်ဖူး)”

တကယ်တော့ ဒါဟာ အိုင်ကျူ အဆင့်အတန်းကို လွယ်လွယ်လေး စစ်ဆေးကြည့်တာဘဲ။

သူက အိုင်ကျူ အဆင့်နိမ့်တယ်၊ ကိုယ်က မြင့်တယ် ဆိုတာမျိုးမဟုတ်ပါဖူး။
တယောက်နဲ့ တယောက် အိုင်ကျူ အဆင့် မတူတာတော့ တွေ့ရတာပေါ့။

ခလေးနဲ့ လူကြီး စကားပြောသလိုပေါ့၊
(ကိုယ်က ခလေးလား၊ လူကြီးလား ဆိုတာတော့ မသိဖူးလေ)။

ကိုယ်ပြောချင်တာကို တဖက်က ဓါတ်မပေါက်ရင်၊ တခုခု လွဲနေပြီဘဲ မှတ်ရတော့မယ်။

Share this:

Comments

Share Your Thoughts

Your email address will not be published. Required fields are marked *