ကိုယ်ထူ ကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်

US meets China
AP Photo/Mark Schiefelbein, Pool

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ကြောင်း ဧပြီ ၂၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင်းပင်က ပြောကြားခဲ့သည်။

-VOA Burmese

အစ္စရေးက ဂါဇာကို ကောင်းကောင်း နှိပ်ကွပ်နေသည်။ ဆေးရုံလဲ ချသည်၊ လူနေရပ်ကွက်လဲ ချသည်။ ဂါဇာမှာ အစ္စရေးတို့ရဲ့ ဗုံးကြဲမှုကြောင့် အိုးအိမ်စွန့်ခွာပြေးနေရသူပေါင်း ၃၄၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောသည်။

အစ္စရေးဟာ အမေရိကန်ရဲ့ သြဇာခံ မိတ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် တရုတ် ဝင်မရှုတ်ပါဖူး။

မြန်မာမှာ စစ်ကောင်စီ အကြမ်းဖက်တပ်သည် ပြည်သူလူထုကို ကောင်းကောင်း နှိပ်စက် နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက မြန်မာမှာ ဒုက္ခသည် ၂ သန်းကျော်ရှိလာတယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။

မြန်မာ စစ်ကောင်စီတပ်ဟာ တရုတ်ရဲ့ သြဇာခံ အကြမ်းဖက်စစ်တပ် ဖြစ်သည်။ ထို့ ကြောင့် အမေရိကန် ဝင်မရှုတ်သော်လည်း၊ စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံရေးအကျပ်အတည်းဟာ ဒေသတခုလုံးရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်လာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာအတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောသည်။

-VOA Burmese

ထိုသို့ ပြောကြားပြီး မရှေးမနှောင်းမှာပင် – တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်းထောက်ပံ့ပြီး၊ တရုတ်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီ ပြည်ထဲ‌ရေးဝန်ကြီးကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့် လိုက်ပါတော့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးရဲ့ “ကိုယ်ထူ ကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်ပါ” ဆိုတဲ့ စကားကို ဒီသတင်းတွေက ဟုတ်မှန်ကြောင်း သက်သေခံ နေပါတော့သည်။

Suu Kyi's Handwritten
၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီး အချုပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူသို့ လှို့ဝှက်ရေးပို့လိုက်သော လက်ရေးမူ စာမိတ္တူ

Click on a star to rate this post.

Average rating 0 / 5. Vote count: 0

No votes so far! Be the first to rate this post.

Share this:

Leave a comment

Your email address will not be published. Non-standard characters in the comment form are not permitted and will be removed. Required fields are marked *