burmese-blogger

မြန်မာလိုတွေးပြီး မြန်မာလို ရေးထားသော မှတ်စုများ

ခလေးအတွေး
ခလေးအတွေး

ဦးသန့်ရေးတဲ့ မြန်မာလူမျိုး အများစုမှာ လူကကြီးလာပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ ရောဂါတမျိုးကြောင့် ခလေးလိုတွေး ခလေးလိုပြော ခလေးလို အမူအကျင့်တွေ ရှိကြတယ်ဆိုတာကို ထောက်ပြထားတဲ့ စာတပုဒ် အင်တာနက်ပေါ်မှာ ဖတ်ရပါတယ်။ ဒီလိုလူမျိုးတွေကို “a child in a man’s body” လို့ သိကြပါတယ်။

ဝဋ်
ဝဋ်

အမြင်မတူသူကို ရန်သူမှတ်ယူပြီး ပုဒ်မတွေတပ်၊ ဖမ်းမိန့်တွေထုတ်၊ အိမ်တွေကိုချိတ်ပိတ်၊ အချို့ကိုမီးတင်၊ အချို့ကို အရှင်လတ်လတ်သတ်ဖြတ်တဲ့ဝဋ်ကြွေးတွေ မြန်မြန်ဆတ်ဆန် ပြန်လည်နေကြပြီဖြစ်ပါတယ်။

Chimpanzee နဲ့ အတူတူ
Chimpanzee နဲ့ အတူတူ

– “ဒီကောင်က ငါ့ကို လာကြောနေလား” ဆိုတဲ့ ကိုယ့်ကိုယ်ကို အောက်ကျတဲ့ စိတ်မျိုး၊ – “ဒီကောင်က ဘာကောင်မို့လို့လဲ လဲ” ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်မျိုး တွေဟာ အလွန်ရှက်စရာကောင်းတဲ့ တတိယကမ္ဘာရဲ့ ရိုင်းစိုင်းတဲ့ လူ့စိတ်မျိုးတွေပါဘဲ။

သတ္တိရှိသူ
သတ္တိရှိသူ

လူမိုက်ဆိုတာ လူရိုက်ရဲပေမဲ့၊ လူမိုက်က သတ္တိရှိတာတော့ မဟုတ်ပါဖူး။ တကယ်တော့ လူဖြစ်ပြီး လူ့ယဥ်ကျေးမှု အသိဉာဏ် လိမ်မာပါးနပ်မှု မရှိတဲ့ သူကိုသာ လူမိုက် သတ်မှတ်တာပါ။

ကိုယ်ထူ ကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်
US meets China

မြန်မာမှာ စစ်ကောင်စီ အကြမ်းဖက်တပ်သည် ပြည်သူလူထုကို ကောင်းကောင်း နှိပ်စက် နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက မြန်မာမှာ ဒုက္ခသည် ၂ သန်းကျော်ရှိလာတယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။

မောင်မောင်လှမြင့်
မောင်မောင်လှမြင့်

အန်ကယ်မောင် ဟာ ဆိုရှယ်လစ်ခေတ် ၁၉၇၀ နှောင်းပိုင်းကနေ ၁၉၈၀ နှောင်းပိုင်းတွေမှာ ရန်ကုန်မြို့လယ်ခေါင်က ကြော်ငြာပိုစတာ ဆိုင်းပုဒ်ကြီးတွေကို လမ်းသွားလမ်းလာ ရပ်ကြည့်ရအောင် ရေးဆွဲနိုင်ခဲ့တဲ့ ပန်းချီဒီဇိုင်းဆရာတယောက်ဖြစ်တဲ့ အတွက် သူ့ကို အထင်ကြီး လေးစားခဲ့ပါတယ်။

ကိုယ့်ပုံစံနဲ့ ကိုယ်
ကိုယ့်ပုံစံနဲ့ ကိုယ်

စံနစ်ဆိုတာက အားလုံး တသမတ်တည်းသွားတယ်၊ ပုံစံကြတော့ တခုနဲ့ တခု မတူတာလဲ ရှိနိုင်တယ်၊ အဲသည်လို နားလည်ပါတယ်။

မြန်မာ ရယ်ဒီမိတ် အစားအသောက်များ
မြန်မာအစားအသောက်များ

ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် လွယ်လွယ်ကူကူ လုပ်စားသလို လုပ်စားလို့ ရရင်ဖြင့် မဆိုးဖူးပေါ့။ မြန်မာပြည်က အစာတွေဆိုတော့ ငယ်တုန်းက စားခဲ့ဖူးတာမျိုး ဆိုပြီး ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် ထက်ပို စျေးကြီးပေးရလဲ တန်သေးတယ်ပေါ့။

ဓါတ်မပေါက်ရင် တခုခုတော့ လွဲသွားပြီ
Facebook Cartoon

မိန်းမ ယူမယ်ဆိုရင်၊ မယူခင် ကိုယ်ယူမဲ့ မိန်းမကို ရီစရာ တခုပြောကြည့်၊ သူက မရီရဖူးဆိုရင် အဲဒီမိန်းမကို မယူနဲ့ (ပေါင်းသင်းနေလို့ အဆင်ပြေမှာ မဟုတ်ဖူး)

ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်
ရှမ်းကော်ရည်

ရှမ်းကော်ရည်ဆိုတာ တောင်ကြီးမှာတော့ တခါစားဖူးတယ် ထင်တယ်။ အရမ်း စေးကပ် ချွဲပြစ်လို့ မကြိုက်ခဲ့သလိုဘဲ။ ခုကြတော့ မြန်မာဆိုင်မှာ ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်ရှိတယ် ဆိုတော့ စမ်းကြည့်တယ်။

ခရီးသွားမှတ်တမ်း – Narooma
Narooma Beach

Narooma ကို သွားချင်ရတဲ့ အကြောင်းရင်းက – Google Map မှာ ကြည့်ရင် သူ့ရှေ့မှာ ကုန်းမြေမခံဘဲ သမုဒ္ဒရာက တိုက်ရိုက်ဝင်လာတဲ့ လေကို ရူဖို့၊ သမုဒ္ဒရာနဲ့ တည့်တည့် တကမ္ဘာလုံး ရှေ့မှာ ကုန်းမြေမခံဘဲ တိုက်ရိုက် လေသန့်ဝင်ပေါက်၊ ကမ္ဘာ့ အကောင်းဆုံး အဲယားကွန်ဒင်းရှင်း လို့ ဒေသခံတွေက ပြောကြတယ်။

အိမ်လုပ် Garlic bread
အိမ်လုပ် Garlic bread

Garlic bread ကို အိမ်မှာ ကိုယ်တိုင် စိတ်တိုင်းကျ အရသာ အနေအထား ဖြစ်အောင် လတ်လတ်ဆတ်ဆတ် လုပ်စားရတာ လွယ်ပါတယ်။ ပေါင်မုန့်တွေကို မထူမပါး လှီးပြီး မုန့်ဖုတ်တဲ့ ဗန်းပေါ် ဖြန့်ခင်းလိုက်တာဘဲ။