မြန်မာမှတ်စုများ
-
အစားရချောင်တဲ့ အလုပ်
Mercedes S-Class servicing လုပ်ရင်တောင် တနှစ်ကို သြဇီ ဒေါ်လာ ၁၂၀၀ ဘဲ ရှိပါတယ်။ တနှစ် ၃၀၀၀ ကျော် (အမေရိကန် ဒေါ်လာ) ဆိုရင် တော်တော်တန်တန် ကား (second hand) တစီးဝယ်လို့ရပါတယ်။ ကျန်တာတွေလဲ မတွက်ချင်တော့ပါဖူး၊ ဘုန်းကြီးလုပ်ရတာ မြန်မာပြည်မှာ အင်မတန် အလုပ်ကောင်းပုံ ရပါတယ်။
-
ကိုယ်နားလည်တဲ့ – ကုသိုလ်၊ အကုသိုလ် နဲ့ မင်္ဂလာ
ကုသိုလ်ဖြစ်အောင် နေတာ အသာထားအုံး၊ အကုသိုလ် မဖြစ်အောင် နေခြင်းကပင် ဆင်းရဲ၊ ဒုက္ခ ဖြစ်ရခြင်းကင်းစေတယ် ဆိုတာ ဓမ္မသဘောပါဘဲ။
-
ခလေးအတွေး
ဦးသန့်ရေးတဲ့ မြန်မာလူမျိုး အများစုမှာ လူကကြီးလာပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ ရောဂါတမျိုးကြောင့် ခလေးလိုတွေး ခလေးလိုပြော ခလေးလို အမူအကျင့်တွေ ရှိကြတယ်ဆိုတာကို ထောက်ပြထားတဲ့ စာတပုဒ် အင်တာနက်ပေါ်မှာ ဖတ်ရပါတယ်။ ဒီလိုလူမျိုးတွေကို “a child in a man’s body” လို့ သိကြပါတယ်။
-
ဝဋ်
အမြင်မတူသူကို ရန်သူမှတ်ယူပြီး ပုဒ်မတွေတပ်၊ ဖမ်းမိန့်တွေထုတ်၊ အိမ်တွေကိုချိတ်ပိတ်၊ အချို့ကိုမီးတင်၊ အချို့ကို အရှင်လတ်လတ်သတ်ဖြတ်တဲ့ဝဋ်ကြွေးတွေ မြန်မြန်ဆတ်ဆန် ပြန်လည်နေကြပြီဖြစ်ပါတယ်။
-
Chimpanzee နဲ့ အတူတူ
– “ဒီကောင်က ငါ့ကို လာကြောနေလား” ဆိုတဲ့ ကိုယ့်ကိုယ်ကို အောက်ကျတဲ့ စိတ်မျိုး၊ – “ဒီကောင်က ဘာကောင်မို့လို့လဲ လဲ” ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်မျိုး တွေဟာ အလွန်ရှက်စရာကောင်းတဲ့ တတိယကမ္ဘာရဲ့ ရိုင်းစိုင်းတဲ့ လူ့စိတ်မျိုးတွေပါဘဲ။
-
သတ္တိရှိသူ
လူမိုက်ဆိုတာ လူရိုက်ရဲပေမဲ့၊ လူမိုက်က သတ္တိရှိတာတော့ မဟုတ်ပါဖူး။ တကယ်တော့ လူဖြစ်ပြီး လူ့ယဥ်ကျေးမှု အသိဉာဏ် လိမ်မာပါးနပ်မှု မရှိတဲ့ သူကိုသာ လူမိုက် သတ်မှတ်တာပါ။
-
ကိုယ်ထူ ကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်
မြန်မာမှာ စစ်ကောင်စီ အကြမ်းဖက်တပ်သည် ပြည်သူလူထုကို ကောင်းကောင်း နှိပ်စက် နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက မြန်မာမှာ ဒုက္ခသည် ၂ သန်းကျော်ရှိလာတယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။
-
မောင်မောင်လှမြင့်
အန်ကယ်မောင် ဟာ ဆိုရှယ်လစ်ခေတ် ၁၉၇၀ နှောင်းပိုင်းကနေ ၁၉၈၀ နှောင်းပိုင်းတွေမှာ ရန်ကုန်မြို့လယ်ခေါင်က ကြော်ငြာပိုစတာ ဆိုင်းပုဒ်ကြီးတွေကို လမ်းသွားလမ်းလာ ရပ်ကြည့်ရအောင် ရေးဆွဲနိုင်ခဲ့တဲ့ ပန်းချီဒီဇိုင်းဆရာတယောက်ဖြစ်တဲ့ အတွက် သူ့ကို အထင်ကြီး လေးစားခဲ့ပါတယ်။
-
ကိုယ့်ပုံစံနဲ့ ကိုယ်
စံနစ်ဆိုတာက အားလုံး တသမတ်တည်းသွားတယ်၊ ပုံစံကြတော့ တခုနဲ့ တခု မတူတာလဲ ရှိနိုင်တယ်၊ အဲသည်လို နားလည်ပါတယ်။
-
မြန်မာ ရယ်ဒီမိတ် အစားအသောက်များ
ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် လွယ်လွယ်ကူကူ လုပ်စားသလို လုပ်စားလို့ ရရင်ဖြင့် မဆိုးဖူးပေါ့။ မြန်မာပြည်က အစာတွေဆိုတော့ ငယ်တုန်းက စားခဲ့ဖူးတာမျိုး ဆိုပြီး ယိုးဒယား ခေါက်ဆွဲခြောက်ထုတ် ထက်ပို စျေးကြီးပေးရလဲ တန်သေးတယ်ပေါ့။
-
ဓါတ်မပေါက်ရင် တခုခုတော့ လွဲသွားပြီ
မိန်းမ ယူမယ်ဆိုရင်၊ မယူခင် ကိုယ်ယူမဲ့ မိန်းမကို ရီစရာ တခုပြောကြည့်၊ သူက မရီရဖူးဆိုရင် အဲဒီမိန်းမကို မယူနဲ့ (ပေါင်းသင်းနေလို့ အဆင်ပြေမှာ မဟုတ်ဖူး)
-
ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်
ရှမ်းကော်ရည်ဆိုတာ တောင်ကြီးမှာတော့ တခါစားဖူးတယ် ထင်တယ်။ အရမ်း စေးကပ် ချွဲပြစ်လို့ မကြိုက်ခဲ့သလိုဘဲ။ ခုကြတော့ မြန်မာဆိုင်မှာ ရှမ်းကော်ရည် ရယ်ဒီမိတ် အထုတ်ရှိတယ် ဆိုတော့ စမ်းကြည့်တယ်။
-
ခရီးသွားမှတ်တမ်း – Narooma
Narooma ကို သွားချင်ရတဲ့ အကြောင်းရင်းက – Google Map မှာ ကြည့်ရင် သူ့ရှေ့မှာ ကုန်းမြေမခံဘဲ သမုဒ္ဒရာက တိုက်ရိုက်ဝင်လာတဲ့ လေကို ရူဖို့၊ သမုဒ္ဒရာနဲ့ တည့်တည့် တကမ္ဘာလုံး ရှေ့မှာ ကုန်းမြေမခံဘဲ တိုက်ရိုက် လေသန့်ဝင်ပေါက်၊ ကမ္ဘာ့ အကောင်းဆုံး အဲယားကွန်ဒင်းရှင်း လို့ ဒေသခံတွေက ပြောကြတယ်။
-
အိမ်လုပ် Garlic bread
Garlic bread ကို အိမ်မှာ ကိုယ်တိုင် စိတ်တိုင်းကျ အရသာ အနေအထား ဖြစ်အောင် လတ်လတ်ဆတ်ဆတ် လုပ်စားရတာ လွယ်ပါတယ်။ ပေါင်မုန့်တွေကို မထူမပါး လှီးပြီး မုန့်ဖုတ်တဲ့ ဗန်းပေါ် ဖြန့်ခင်းလိုက်တာဘဲ။